ရူံးနိမ့်မှုဆိုတာဘာလဲ..???
ရူံးနိမ့်မှု့ကို အဘိဓာန်တွေ စာအုပ်တွေမှာ
အမျိုးမျိုးပြောကြတာ ဖွင့်ဆိုကြတာကို
ခင်ဗျားတို့တွေ့ဖူးကြမှာပါ။...
အမှန်တော့
မိမိအတွက်
အရေးပါတဲ့အလုပ်ကို လုပ်ကိုင်ဖို့
မကျိုးပမ်းတာက ရုံးနိမ့်မှုရဲ့ အဓိကအချက်ပဲ။
စီးပွါးရေးလုပ်ငန်းကို စတင်လုပ်ကိုင်ဖို့ ခက်ခဲနေမယ်ဆိုရင်
အောင်မြင်မှုရမှာကို စိုးရိမ်နေလို့ ဖြစ်လိမ့်မယ်။
သည်စိတ်ကိုကျော်လွှားနိုင်အောင် ကြိုးပမ်းရမယ်။
ကြောက်စိတ်ကြောင့် လုပ်ငန်းမစနိုင်ဘူးဆိုရင်တော့
လောလောဆယ်မှာပဲ ရူံးနိမ့်သူတစ်ဦးဖြစ်နေလိမ့်မယ်။
ရူံးနိမ့်မှု့ရဲ့အကြောင်း
စကားပြောနည်း(၁၀)မျိုး
(၁)ရေကူးညာတင်
(၂)ကောက်ပင်ရိတ်လှီး
(၃)ရေစီးဖောင်ဆန်
(၄)အိုးတန်ဆန်ခတ်
(၅)ဆီပွတ်ကျည်ပွေ့
(၆)ဆင်ဝှေ့ရန်ရှောင်
(၇)တောင်သူယာခုတ်
(၈)ကြက်ဆုတ်ခွပ်ပစ်
(၉)ရေစစ်ခရား
(၁၀)ခတ်တင်မောင်းနင်
(၁)ရေကူးညာတင်ပြောနည်း
မြစ်တဖက်မှ အခြားတဖက်သို့ကူးသည့်အခါ မြစ်ညှာဖက်မှစ၍ ကူးမှသာလိုရာသို့ ရောက်သလို စကားပြောသည့်အခါလည်း လိုရာရောက်အောင် အထက်ကတင်ကူး၍ ပြောနည်းကိုခေါ်သည်။
(၂)ကောက်ပင်ရိတ်လှီးပြောနည်း
စပါးရိတ်သည့်အခါ တနိုင်စာကောက်ပင်အချို့ကို လက်တစ်ဖက်ဖြင့် ပိုင်ပိုင်ဆုတ်ကိုင်ပြီးမှ အခြားလက်ကတံစဉ်ဖြင့် ပင်ရင်းမှရိတ်သကဲ့သို့ စကားပြောရာတွင် တဖတ်လူရဲ့ စကားကိုသိမ်ကျူံးဖမ်းဆုတ်ပြီး အခြေအမြစ်ကိုင်၍ ပြောနည်းဖြစ်သည်။
(၃)ရေစီးဖောင်ဆန်ပြောနည်း
အညာဆန်ဖောင်ကြီးသည် လိုရာကိုတင်ဆောင်၍ ဖြည်းညင်းစွာဆန်တက်သလို လိုရာခရီးကို ရောက်သလို စကားအရာတွင် ဥပမာ ဥပမေယျဖြင့် ဖြေးညင်းသာယာစွာ လိုရာရောက်အောင်ပြောခြင်းကိုဆို
(၄)အိုးတန်းဆန်ခတ်ပြောနည်း
ထမင်းချက်ရာတွင် သူအိုးနှင့်သူ့ဆန်တန်ရုံချက်နူး
(၅)ဆီပွတ်ကျီပွေ့ပြောနည်း
ဆီဆုံထဲတွင်နှမ်း(သို့)မြေပဲ ထည့်ပြီး ကျည်ပွေ့ဖြင့် အထပ်ထပ်ပြောခြင်းကို ဆိုသည်။
(၆)ဆင်ဝှေ့ရန်ရှောင်ပြောနည်း
ဆင်ဝှေ့ရန်အလိုက်ခံရသောအခါ လွတ်ရာပတ်ရှောင်လျှင်လွတ်သကဲ့သိ
(၇)တောင်သူယာခုတ်ပြောနည်း
ယာခုတ်တဲ့အခါ ရှေးဦးစွာ ချူံနွယ်ကိုရှင်းလင်းပြီးမှ သစ်ပင်ကြီးများကို ခုတ်လှဲရှင်းလင်းကြသလို စကားကြီးများကိုပြောဆို အနိုင်ယူခြင်းကို ဆိုသည်။
(၈)ကြက်ဆုတ်ခွပ်ပစ်ပြောနည်း
ကြက်ခွပ်မည်ပြုသောအခါ နောက်ဆုတ်မာန်ပြုပြီးမှ စီးခွပ်သလို စကားအရာမှာလည်း သူ့အလိုကိုဦးစွာ လိုက်လျောပြီးမှ ပြောခြင်းကို ဆိုသည်။
(၉)ရေစစ်ကရားပြောနည်း(ခရားရေလွ
ရေစစ်သောအခါ ရေစစ်သောဂိုင်းကို ရေတွင်နှစ်ပြီး ရေပြည့်လျှင်အပေါက်ကိုလက်ဖြင့် ပိတ်ယူပါက ရေမထွက်နိုင်သကဲ့သို့ တစ်ဖက်လူရဲ့စကားကို ပိတ်မိအောင်ပြောဆိုခြင်းကို ဆိုသည်။
(၁၀)ခတ်တင်မောင်နင်းပြောနည်း
တစ်ဖတ်လူရဲ့စကားကို ဟုတ်တယ်လို့မဆို မဟုတ်ဟုလည်းမငြင်းပဲ မတင်မကျပြန်ပြောသောစကားကို ဆိုသည်။
လူပင်လယ်
လေတိုက်မှလှုပ်ခွင့်ရတဲ့ဘ၀။
ဒေါသကြောင့်..
လှိုင်းထမိတိုင်း..
ကမ်းစပ်တွေရဲ့အမုန်းကို ခံလိုက်ရတာပဲအဖတ်တင်တယ်။
The Way I Am
ကျနော်လုပ်ထားတဲ့ ဘလော့လေးမှာ ပို့စ် ရေးဖို့မပြောနဲ့ ခုမှပဲဝင်ကြည့်ဖြစ်တယ်...
အမှန်က ဒီဘလော့လေးကိုလုပ်လိုက်တာ ဒိုင်ယာရီလေးရေးချင်တဲ့ စိတ်ကူးလေး
ပေါ်လာမိလို့..လုပ်သာလုပ်လိုက်ရတယ်..နေ့တိုင်းကို မရေးဖြစ်ဘူး..
ဟိုတလောက စိတ်ကူးပေါ်လို့သာ ကဗျာလေးလေး ၃ ပုဒ်လောက်သာရေးမိလိုက်တာ..
ထပ်လည်းမရေးဖြစ်တော့ဘူး..ရေးချင်စိတ်ကလည်းမရှိတော့ဘူး.....
အွန်လိုင်းပေါ်တက်လို့ တခြားဘလော့လေးတွေ ဖတ်မိပြန်တော့လည်း...
ကိုယ်ဘလော့မှာ စာလေးတွေ ပြန်ရေးချင်ပြန်ရော.......
တခါတလေ ညအိပ်ရာဝင်လို့ အိပ်မပျော်ရင် ငယ်ဘ၀လေးတွေကို
ပြန်သတိရမိရင်း ကိုယ့် ဘ၀အကြောင်းလေးတွေ ရေးချင်လာတယ်..
တကယ်ရင်ထဲမှာ ဖြစ်လာတာ...အမှတ်တရလေးတွေ
ဖြတ်သန်းခဲ့ရတာတွေ ..ငယ်တုန်းက အကြောင်းလေးတွေ ကိုပဲ
သတိရမိတာ.....
အချိန်ရရင် The Way I Am ..ကိုယ့်ဘ၀ မှတ်တမ်းဆိုပြီး..
ရေးချင်တယ်။...။
ရယ်သောသူသည် အသက်ရှည်၏။
ရယ်သောသူသည် အသက်ရှည်၏။
နတ်ပြည်နဲ့ ငရဲပြည်သွားမည့် တံခါးပေါက်ရှေ့တွင် သိကြားမင်းက မိန်းမများကိုစုရုံးစေသည်။
" အားလုံးတန်းစီကြစမ်း . . ကိုင်း . .ဟုတ်ပြီ . .ကိုယ့်ယောက်ျားကို တစ်ကြိမ်လောက်ပဲ ဖြစ်ဖြစ် သစ္စာဖောက်ခဲ့ဖူးရင်ရှေ့တစ်လှမ်းတိုးစမ်း"
မိန်းမ အားလုံးရှေ့တိုးလိုက်ကြသည်။သစ္စာရှိသော မိန်းမတစ်ယောက်သာ နေရာတွင် မရွေ့ဘဲ ကျန်ခဲ့သည်။
သိကြားမင်းက အမိန့်ပေးသည် . .
" အားလုံးကို ငရဲပြည်ပို့လိုက် ၊ ဟို ဆွံ့အ နားမကြားကိုလဲ ပို့လိုက်"
ရယ်သောသူသည် အသက်ရှည်၏။
အမျိုးသမီးတစ်ဦးသည်
အိမ်တစ်အိမ်၏ဆင်ဝင်အောက်တွင်လှုပ်ကုလားထိုင်တစ်လုံးဖြင့်ငြိမ့်နေသော
လူကောင်သေးသေးအဖိုးအိုတစ်ဦးကိုမြင်သဖြင့်စကားသွားပြောသည်။
" ဒီလောက်ပျော်နေတာကိုမြင်တော့ဂရုမထားပဲမနေနိုင်တော့လို့ပါ။
ဒီလိုပျော်ပျော်ကြီးအသက်ရှည်ဖို့လျှို့ဝှက်ချက်ကဘာပါလဲရှင့်"
" တစ်နေ့ကိုစီးကရက်သုံးဘူးသောက်တယ်။တစ်ပတ်ကိုဝီစကီတစ်သေတ္တာကုန်တယ်။ အဆီများတဲ့အစားအသောက်တွေကိုစားပြီးလေ့ကျင့်ခန်းမလုပ်ဘူး "
" အံ့သြစရာပါလား။အသက်ဘယ်လောက်ရှိသွားပြီလဲ"
" နှစ်ဆယ့်ခြောက်နှစ်.."
ရယ်သောသူသည် အသက်ရှည်၏။
အမျိုးသမီးတစ်ဦး ကလေးခေါ်ပြီး ကလေးဆေးရုံကို ရောက်လာခဲ့တယ်။
ဆရာဝန်။....။ ကလေးကို မိခင်နို့ တိုက်တာလား.. နွားနို့တိုက်တာလား...
အမျိုးသမီး။....။ မိခင်နို့ပါ။
ဆရာဝန်။....။ ကျွန်တော် စမ်းသပ်မလို့ ခင်ဗျား အင်္ကျီကို ချွတ်လိုက်ပါ။
အမျိုးသမီး။...။ ဟင်.. ဘာလို့လဲ..
ဆရာဝန်။....။ စိတ်မပူပါနဲ့။ ဒါ ဆေးရုံပါ။ ကျူးလွန်တာတွေ မရှိပါဘူး။
အမျိုးသမီးက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ ဆရာဝန်ရဲ့ အစမ်းသပ်ကို ခံလိုက်တယ်။ ခဏလောက် စမ်းသပ်ပြီး
ဆရာဝန်က " ခင်ဗျားမှာ မိခင်နို့ရည်မှ မရှိတာ။ ဒါကြောင့် ကလေးက အာဟာရ ပြတ်နေတာပေါ့" လို့ ပြောတော့
အမျိုးသမီးက "ကျွန်မမှာ ဘယ်လိုလုပ်ပြီး မိခင်နို့ရည် ရှိမလဲ။ ကျွန်မက သူ့အန်တီ" လို့ ဒေါသတကြီး ပြန်အော်လိုက်တယ်။
ရယ်သောသူသည် အသက်ရှည်၏။
တစ်ခါက မြွေ၊ ပုရွက်ဆိတ်၊ ပင့်ကူနဲ့ ကင်းခြေများတို့ဟာ ဖဲအတူရိုက်ကြသတဲ့။ ဖဲရိုက်ရင်း တအောင့်ကြာတော့ ဆေးလိပ်ကုန်သွားလို့ သွားဝယ်ဖို့ တိုင်ပင်ကြတယ်။
မြွေ...... ငါ့မှာ ခြေမရှိဘူး။ ပုရွတ်ဆိတ်ကို သွားဝယ်ခိုင်းလိုက်
်ပုရွတ်ဆိတ်...... ပင့်ကူမှာ ခြေ၈ချောင်းရှိတယ်။ ငါ့ထက်များတယ်.. သူ့ကိုသွားခိုင်းလိုက်...
ပင့်ကူ..... ငါ့မှာ ခြေများတယ်ဆိုပေမယ့် အကိုကြီးကင်းလောက်တော့ မများဘူး။ သူ့ကိုသွားခိုင်းလိုက်..
တစ်ယောက်တစ်ပေါက် ပြောဆိုကြတော့
ကင်းခြေက စိတ်မသက်မသာနဲ့...."မတတ်နိုင်ဘူး။ ငါက ခြေထောက်ပိုများတော့ ငါပဲသွားပါ့မယ်ကွာ... " ဆိုပြီး ဆေးလိပ်ဝယ်ဖို့ ထွက်သွားခဲ့တယ်။
ကျန်တဲ့အကောင်တွေက စောင့်ရင်း တစ်နာရီကြာတဲ့အထိ ကင်းက ပြန်မလာသေးဘူး။
ဆက်စောင့်ကြရင်း နှစ်နာရီကြာတဲ့အထိ ပြန်မလာတော့ ကျန်အကောင်တွေက စိတ်ပူပြီး ပင့်ကူကို လိုက်ကြည့်ခိုင်းလိုက်တယ်။
လိုက်ကြည့်ဖို့ ပင့်ကူတံခါးဖွင့်လိုက်တော့ တံခါးဝမှာ ထိုင်နေတဲ့ ကင်းခြေကို တွေ့လိုက်တယ်။
ပင့်ကူက ဒေါသတကြီး "မင်း ကြာလှချည်လား? အားလုံး မင်းကို စောင့်နေတာ မင်းက ဒီမှာဘာထိုင်လုပ်နေတာလဲ" လို့ အော်တော့
ကင်းခြေ ပြန်ဖြေလိုက်တာက "ဆေးလိပ်သွားဝယ်ဖို့ ငါဖိနပ်စီးနေတာ မပြီးသေးဘူးကွ" ဟူတည်း။
အပြစ်မမြင်
ဝိုင်းစုခိုင်သိန်း ဆိုထားတာကိုလဲ သဘောကျတယ်..
ကြိုက်လွန်းလို့ ကျနော့်ဘလော့က MP3 မှာတောင်ထည့်ထားမိတယ်..
ဒီမှာ ဒေါင်းလုပ်ချပြီးယူပါ။
အောင်ခြင်းရှစ်ပါး
အားနေတာနဲ့ ဘလော့မှာ MP3သီချင်းလေးတွေတင်ဖို့ စိတ်ကူးထားတာ သွားသတိရတယ်..
တင်ချင်တဲ့ သီချင်းတွေကတော့ အများကြီး..ကိုယ်ရော တခြားသူရောကြိုက်မယ့် သီချင်းလေးတွေပေါ့..
R&B,Pop,Rockနဲ့Hip Hop သီချင်းလေးတွေ တင်မလားစဉ်းစားရင်း..
အောင်ခြင်းရှစ်ပါး သီချင်းလေးသွားတွေ့တယ်...မှုရင်းသီချင်းလေးပါ..ဒေါ်မေရှင် ဆိုထားတာပါ..
..ဒီမှာ ယူပါ.