RSS
twitter
Nyizaw
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

နှစ်ဦး သဘောတူ ချစ်ခြင်း

ခင်မင်မှု့ ယှက်နွယ်တဲ့
သံယောဇဉ် ကွန်ယက်မှာ
ငြိတွယ်မိတဲ့..
ညီမလေးရေ...

ချစ်ခြင်းနဲ့ ပတ်သတ်ရင်
ငါက အမှတ်၄၀မရခဲ့ဖူးသူပါ.
ဒါပေမယ့်..
သံယောဇဉ်က အချစ်ကို အလွမ်းဖြစ်စေခဲ့တယ်.

ညီမလေး ပြောတဲ့..
အကို့ကို ယုံတယ် ဆိုတာထက်
ငါတို့ နှစ်ယောက်ရဲ့အချစ်ကို
ခိုင်မာစေချင်တယ်...

ချစ်မိတည်းက..
ငါ့အတ္တတွေဟာ အချစ်ကိုငြင်းပယ်ဖို့ အတွက်
အဖြေ မရှိခဲ့ပါဘူး...
ညီမလေးရယ်..
[ညီဇော်]

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ခေါင်းစဉ်မရှိသောစာတမ်း

အပြင်က လူသားစစ်ကို
မှန်ထဲကရုပ်က ညာနေတယ်
မှန်ထဲကို သေသေချာချာကြည့်တော့
ဖြူနေတဲ့ ဆံပင်တချို့ကပြန်မဲနေတယ်
တွန့်နေတဲ့အရေပြားက ချော့မွေ့မွတ်ညက်နေတယ်။

အခုချိန်အထိ ရုပ်ရှင်ကြည့်နေရသလိုပါပဲ
ကမ္ဘာမြေရဲ့ သရုပ်ဆောင်ကောင်းပုံက
တစ်နေရာရောက်တော့ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့
လူသားဒုက္ခသည်တွေနဲ့
တစ်နေရာရောက်တော့
အပစ်အခတ်ရပ်ဆဲရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲနဲ့။

ကျနော်စဉ်းစားနေတာက
အမေရိကတိုက်ကို
ဘာဖြစ်လို့ 'ကိုလံဘတ်' လို့ နာမည်မပေးရတာလဲ
ဖြစ်နိုင်ရင် ဒီသတင်းပတ်တစ်ခုလုံးကို
နောင်လေးငါးနှစ်ကျော်ကြာ သီတင်းပတ်တွေကြားထဲ
ရွေထားချင်တယ်။

မာယာကော့စကီးကတော့
'ခင်ဗျားကိုယ့်ကိုကိုယ် ဘာလို့ကဗျာဆရာလို့ ခေါ်ရတာလဲတဲ့'
...........တဲ့။

တကယ်တော့ ကျနော်က
အသေခံဗုံးခွဲမှုတွေကိုလည်း မနှစ်သက်
ဂွါတာနာမို အကျဉ်းစခန်းမျိုးတွေကိုလည်း ရွံမုန်းတက်သူပါ။

လက်ဝဲသုန္ဒရပဲ ဖြစ်ဖြစ်
ဒီလန်တောမတ်ပဲ ဖြစ်ဖြစ်
ချားစ်ဘန်စတိုင်းပဲ ဖြစ်ဖြစ်
ဂျွန်အက်ရှဘရီ ဟင်းချိုလဲ
ကဗျာဓာတ်မပါရင် မချိုနိုင်ပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်
သူဟာဒီစကြာဝဋ္ဌာကြီးထဲမှာ
မေ့ဆေးပေးခံထားရတဲ့ လူနာဘယ်နှယောက်မြောက်ဖြစ်ကြောင်း
သမန်လူတစ်ယောက်အနေနဲ့
နူကလီးယား စွမ်းအားစက်ရုံတစ်ရုံကို မပိုင်ဆိုင်ပေမယ့်
ကိုယ်အရေးပြားအောက်က
သွေးသန့်စက်ရုံတရုံကို ပိုင်ဆိုင်နိုင်ကြောင်း။

သူကို့သတိပေးလိုက်
သေခြင်းတရားနဲ့ ရန်သူကိ
ဘယ်တော့မှ အရာတ၀င်နေလို့ မရဘူးဆိုတာကို
ငွေအတုလုပ်တဲ့ စက်ရှိပေမယ့်
ကဗျာအတုလုပ်တဲ့စက် မရှိဘူးဆိုတာ။

ကဗျာဟာ ရေနံမဟုတ်ဘူး
ကဗျာဟာ တွင်းထွက်မဟုတ်ဘူး
ကဗျာဟာ ယူရေနီယံမဟုတ်ဘူး။

ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဘေးနားက လူကို သတိပေးလိုက်
အသွေးအသား တစ်ခုသာရှိနေပါစေ
ကဗျာဟာ အကြောင်းမကြား ဘာမကြား
သူ့ဆီရောက်လာလိမ့်မယ်။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ယဉ်မင်းရဲ့ကာရန်အလွဲ

ကာရန်လွဲ
ဘ၀မှာ..တခါတခါ
မျှော်လင့်တာနဲ့.ဖြစ်ခွင့်ရတာတွေဟာ
တေ့တေ့ကလေးလွဲချော်နေကြ။

ပန်းကောက်ဖို့ အချိန်မှာ
ပန်းပွင့်တွေငြိုးခြောက်
အရိပ်ခိုတဲ့အချိန်မှာ အရွက်တွေဟာနူတ်ဆက်သွားကြလို့
ရိုးတံတွေသာ ငါ့အားဆီးကြိုနေကြ။

အခွင့်အရေးတွေက ကိုယ့်ကိုနူတ်ဆက်တာလား..
ကိုယ်က အခွင့်အရေးတွေကို နူတ်ဆက်တာလား...

ဒီလိုနဲ့ပဲ..
ကံကြမ္မာနဲ့ ဘ၀ဟာ
ကာရန်မညီစွာနဲ့
ပြက္ခဒိန်တွေက ငါ့အားနူတ်ဆက်။

တစစီပြိုကွဲသွားတဲ့ ငါ့အိမ်မက်တွေကို
ဘယ်သူ ပြန်သီကုံးပေးမလဲ
သစ်ခြောက်ပင်အောက်
ပန်းကောက်ချင်သူတစ်ယောက်ကို
ကာရန်လွဲတဲ့ ကဗျာတစ်ပုဒ်ကို..
လက်ဆောင်အဖြစ်နဲ့
ဘယ်သူ ဖန်ဆင်းရက်ခဲ့သလဲ....။
[ယဉ်မင်း-ထားဝယ်]

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရင်ထဲရိုက်ခတ်မိသော ကဗျာများ

ညီမလေး စိတ်ဆိုးတဲ့ နေ့က
ညီမလေး စိတ်ဆိုးတဲ့ နေ့က
တိမ်တွေ အုံ့မှိုင်းနေခဲ့တယ်။

ညီမလေး စိတ်ဆိုးတဲ့ နေ့က
လေဟာ အရင် တိုက်ခတ်ပုံနဲ့ မတူခဲ့။

ညီမလေး စိတ်ဆိုးတဲ့ နေ့က
သီချင်းသံဟာ ချိုသာကျယ်လောင်ခြင်း မရှိပါ။

ညီမလေး စိတ်ဆိုးတဲ့ နေ့က
သောက်နေကျ လက်ဖက်ရည်ကို အရသာမတွေ့။

ညီမလေး စိတ်ဆိုးတဲ့ နေ့က
ပေါင်းနေကျ သူငယ်ချင်းတွေကို ကြည့်မရ။

ညီမလေး စိတ်ဆိုးတဲ့ နေ့က
ကိုယ်ဟာ ကုန်းပေါ်လွှတ်ထားတဲ့ ငါးပဲ။

ညီမလေး စိတ်ဆိုးတဲ့ နေ့က
ကိုယ်ဟာ အတောင်ဖြတ်ခံရတဲ့ ငှက်တစ်ကောင်။

ညီမလေး စိတ်ဆိုးတဲ့ နေ့က
ညီမလေး စိတ်ဆိုးသလိုပဲ
ညီမလေး စိတ်ဆိုးတဲ့ ကောင်ကို
ကိုယ်လည်း စိတ်ဆိုးမိပေါ့။
[နွန်လတ်]

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS