ကာရန်လွဲ
ဘ၀မှာ..တခါတခါ
မျှော်လင့်တာနဲ့.ဖြစ်ခွင့်ရတာတွေဟာ
တေ့တေ့ကလေးလွဲချော်နေကြ။
ပန်းကောက်ဖို့ အချိန်မှာ
ပန်းပွင့်တွေငြိုးခြောက်
အရိပ်ခိုတဲ့အချိန်မှာ အရွက်တွေဟာနူတ်ဆက်သွားကြလို့
ရိုးတံတွေသာ ငါ့အားဆီးကြိုနေကြ။
အခွင့်အရေးတွေက ကိုယ့်ကိုနူတ်ဆက်တာလား..
ကိုယ်က အခွင့်အရေးတွေကို နူတ်ဆက်တာလား...
ဒီလိုနဲ့ပဲ..
ကံကြမ္မာနဲ့ ဘ၀ဟာ
ကာရန်မညီစွာနဲ့
ပြက္ခဒိန်တွေက ငါ့အားနူတ်ဆက်။
တစစီပြိုကွဲသွားတဲ့ ငါ့အိမ်မက်တွေကို
ဘယ်သူ ပြန်သီကုံးပေးမလဲ
သစ်ခြောက်ပင်အောက်
ပန်းကောက်ချင်သူတစ်ယောက်ကို
ကာရန်လွဲတဲ့ ကဗျာတစ်ပုဒ်ကို..
လက်ဆောင်အဖြစ်နဲ့
ဘယ်သူ ဖန်ဆင်းရက်ခဲ့သလဲ....။
[ယဉ်မင်း-ထားဝယ်]
ယဉ်မင်းရဲ့ကာရန်အလွဲ
Posted by
cherrymay
|
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment