အပြင်က လူသားစစ်ကို
မှန်ထဲကရုပ်က ညာနေတယ်
မှန်ထဲကို သေသေချာချာကြည့်တော့
ဖြူနေတဲ့ ဆံပင်တချို့ကပြန်မဲနေတယ်
တွန့်နေတဲ့အရေပြားက ချော့မွေ့မွတ်ညက်နေတယ်။
အခုချိန်အထိ ရုပ်ရှင်ကြည့်နေရသလိုပါပဲ
ကမ္ဘာမြေရဲ့ သရုပ်ဆောင်ကောင်းပုံက
တစ်နေရာရောက်တော့ စစ်ဘေးစစ်ဒဏ်ခံနေရတဲ့
လူသားဒုက္ခသည်တွေနဲ့
တစ်နေရာရောက်တော့
အပစ်အခတ်ရပ်ဆဲရေးနဲ့ ငြိမ်းချမ်းရေးနဲ့ ဆွေးနွေးပွဲနဲ့။
ကျနော်စဉ်းစားနေတာက
အမေရိကတိုက်ကို
ဘာဖြစ်လို့ 'ကိုလံဘတ်' လို့ နာမည်မပေးရတာလဲ
ဖြစ်နိုင်ရင် ဒီသတင်းပတ်တစ်ခုလုံးကို
နောင်လေးငါးနှစ်ကျော်ကြာ သီတင်းပတ်တွေကြားထဲ
ရွေထားချင်တယ်။
မာယာကော့စကီးကတော့
'ခင်ဗျားကိုယ့်ကိုကိုယ် ဘာလို့ကဗျာဆရာလို့ ခေါ်ရတာလဲတဲ့'
...........တဲ့။
တကယ်တော့ ကျနော်က
အသေခံဗုံးခွဲမှုတွေကိုလည်း မနှစ်သက်
ဂွါတာနာမို အကျဉ်းစခန်းမျိုးတွေကိုလည်း ရွံမုန်းတက်သူပါ။
လက်ဝဲသုန္ဒရပဲ ဖြစ်ဖြစ်
ဒီလန်တောမတ်ပဲ ဖြစ်ဖြစ်
ချားစ်ဘန်စတိုင်းပဲ ဖြစ်ဖြစ်
ဂျွန်အက်ရှဘရီ ဟင်းချိုလဲ
ကဗျာဓာတ်မပါရင် မချိုနိုင်ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်
သူဟာဒီစကြာဝဋ္ဌာကြီးထဲမှာ
မေ့ဆေးပေးခံထားရတဲ့ လူနာဘယ်နှယောက်မြောက်ဖြစ်ကြောင်း
သမန်လူတစ်ယောက်အနေနဲ့
နူကလီးယား စွမ်းအားစက်ရုံတစ်ရုံကို မပိုင်ဆိုင်ပေမယ့်
ကိုယ်အရေးပြားအောက်က
သွေးသန့်စက်ရုံတရုံကို ပိုင်ဆိုင်နိုင်ကြောင်း။
သူကို့သတိပေးလိုက်
သေခြင်းတရားနဲ့ ရန်သူကိ
ဘယ်တော့မှ အရာတ၀င်နေလို့ မရဘူးဆိုတာကို
ငွေအတုလုပ်တဲ့ စက်ရှိပေမယ့်
ကဗျာအတုလုပ်တဲ့စက် မရှိဘူးဆိုတာ။
ကဗျာဟာ ရေနံမဟုတ်ဘူး
ကဗျာဟာ တွင်းထွက်မဟုတ်ဘူး
ကဗျာဟာ ယူရေနီယံမဟုတ်ဘူး။
ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားဘေးနားက လူကို သတိပေးလိုက်
အသွေးအသား တစ်ခုသာရှိနေပါစေ
ကဗျာဟာ အကြောင်းမကြား ဘာမကြား
သူ့ဆီရောက်လာလိမ့်မယ်။ ။
ခေါင်းစဉ်မရှိသောစာတမ်း
Posted by
cherrymay
|
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment