RSS
twitter
Nyizaw
You can replace this text by going to "Layout" and then "Page Elements" section. Edit " About "

ရာဘန္ဒြာနတ်တဂိုး၏ကဗျာ

ခွင့်မပန်ဘဲ ပစ်မသွားနဲ့ အချစ်ရယ်
ကိုယ်
ညလုံးပေါက် စောင့်ကြည့်ခဲ့တယ်။

ခုတော့
ကိုယ့်မျက်လုံးတွေ

အိပ်ချင်စိတ်နဲ့ လေးလှပြီကွယ့်
ကိုယ်အိပ်နေတုန်းမင်းကို
ဆုံးရှုံးသွားမှာ စိုးလှတယ်။
ခွင့်မပန်ဘဲ
ပစ်မသွားပါနဲ့ အချစ်ရယ်
ကိုယ်ထထိုင်ပြီးမင်းကို
လက်နဲ့စမ်းတယ်။

“ အိမ်မက်များလား” လို့
ကိုယ့်ကိုယ်ကို မေးမိပြန်တယ်
မင်း ခြေအစုံကို
ရင်ခွင်မှာ
တင်းတင်း ပွေ့ထားနိင်ချင်စမ်းလှတယ်
ကိုယ့်ကို
ခွင့်မပန်ပဲပစ်မသွားပါနဲ့
အချစ်ရယ်....။ ။

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment